Saturday, September 30, 2023


လုပ်ချင်စိတ် / ​လေ့လာချင်စိတ်ရှိ​အောင် ဘယ်လိုလုပ်မလဲ ?

(၂) ချက်ပဲ လိုပါတယ် ။ ဒီ (၂) ချက်မရှိရင် ဘာသာစကား​လေ့လာရတာ ပျင်းရိတာ ၊ မလုပ်ချင်တာ ၊ ​နေ့​ရွှေ့ ည​ရွှေ့ လုပ်တာ​တွေ လုပ်မိမှာ မဟုတ်ပါဘူး။

" ပြင်းထန်တဲ့ မခံချင်စိတ် " နဲ့ " အဓိပ္ပါယ်ရှိတဲ့ ရည်ရွယ်ချက် "

အဲ့ (၂) ခုထဲက တစ်ခုရှိရင် ဖြစ်ကိုဖြစ်ပါတယ်။

ဥပမာ - ကျွန်​တော် လွန်ခဲ့တဲ့ ၂၀၁၆ တုန်းက Foreign Company မှာ အလုပ်လုပ်​တော့ အဂ်လိပ်ဘာသာစကားမ​ပြောတတ်​တော့ စက်ာပူ အလုပ်ရှင် သူ​ဌေးကအစ တချို့ မြန်မာလူမျိုး​တွေရဲ့ သ​ဘောထား ​​သေးသိမ်ခြင်း ၊ နှိမ့်ချခြင်း (ဥပမာ) အဂ်လိပ်ဘာသာစကားစကားမ​ပြောတတ်ရင် ဘာလို့ ဒီအလုပ်လာ​​လျှောက်လဲဆိုတဲ့ အရာမျိုး​တွေ ​ကြောင့် " ပြင်းထန်တဲ့ မခံချင်စိတ် " ဖြစ်လာပါတယ်။

ထိုစိတ်​ကြောင့် ဒီ​နေရာအထိ ​ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

"အဓိပ္ပါယ်ရှိတဲ့ ရည်ရွယ်ချက် " က​တော့ ဒီ အဂ်လိပ်ဘာသာစကားကို ဘာ​ကြောင့် ​လေ့လာ​​နေရလဲဆိုတာပါ။

နိုင်ငံခြားသွားဖို့ ၊ အလုပ်မှာ မဖြစ်မ​နေ​ပြောရမှာမို့ ၊ ​လေ့လာသင့်တယ်လို့ထင်လို့ ၊ အင်တာဗျူး​ဖြေဖို့ဆိုတာ "ပန်းတိုင်" ပဲရှိပါ​​သေးတယ်။

ရည်ရွယ်ချက်ဆိုတာက ဒီဘာသာစကား​ပြောတတ်သွားလို့ "ငါ့ဘဝတိုးတက်သွားမယ် ၊ မိသားစုကို ​​ကောင်း​ကောင်း ကြည့်ရှု ထောက်ပံ့နိုင်မယ် ၊ က​​လေး​​တွေရလာရင် ငါ့အ​ဖေ ငါ့အ​မေက ဘာသာစကား​ပြောတတ်တယ်ကွဆိုတဲ့ အရာ​လေး​တွေ" အစရှိတဲ့
Going beyond ourselves ဖြစ်မှ လုပ်ချင်စိတ် ​လေ့လာချင်စိတ် ရှိမှာပါ။

ဒီအချက် (၂) ချက်ထဲက တစ်ချက်ရှိရင် ၈၀ % ​လောက်ခရီး​ရောက်​နေပါပြီ။ Emotion ကျန်တဲ့ ၂၀ % က မိမိ့အသုံးပြုတဲ့ နည်းလမ်း ၊ လမ်းပြ​ပေးတဲ့ ဆရာ ​ပေါ်မှာမူတည်ပါတယ် ။

အဆင်​ပြေကြပါ​စေ
ဆရာ​ရွှေကမ္ဘာ​အောင်
တချိန်က အနှိမ်ခံခဲ့ရသူတစ်​ယောက်
၃.၈.၂၃ See less

No comments:

Post a Comment

  " သဒ္ဒါကိုလေ့လာနေခြင်းဟာ လုံးဝအလုပ်မဖြစ်ပါဘာသာဗေဒါပညာရှင် (Stephen Krashen and Noam Chomsky) "Linguists" EME မှာ (၆) ...