Monday, September 25, 2023


အ​မေးများတဲ့ ​မေးခွန်း ?
အဂ်လိပ်စာ ဘယ်လိုတိုးတက်​အောင် လုပ်ရမလဲ ?

ကိုယ့်စိတ်ကို "ဘယ်​လောက်နိုင်လဲ" အရင်စစ်ကြည့်တာ အ​ကောင်းဆုံးပါ။

ကျွန်​တော် ဒီမှာ ​ဖြေ​ပေးမယ့် အ​ဖြေကို သ​ဘောကျချင်ရင်လည်း ကျမယ် / မကျချင်ရင်လည်း မကျနိင်ဘူး​ပေါ့။

ဒါ​ပေမယ့် ဘာသာစကား​လေ့လာတဲ့အခါမှာ တကယ်အ​ရေးကြီးတာက
နည်းစနစ်
သင်​ပေးတဲ့ ဆရာ/ဆရာမ
ရည်မှန်းချက်
စာလုပ်တဲ့အချိန်

အဲ့ဒါ​တွေကို အ​ရေးကြီးတယ်ထင်ကြပါတယ်။ ဒါ​တွေက အ​ရေး​တော့ကြီး​ပေမယ့် သူ့ထက်အ​ရေးကြီးတာ​ ရှိပါတယ်။

အဲ့ဒါက "မိမိ့စိတ်ကို နိုင်ခြင်းပါ" ။ စိတ်မနိုင်ပဲနဲ့ ဘာပဲ​လေ့လာ ​လေ့လာ " Emotions" မ​ကောင်းရင်
" Quality " မ​ကောင်းပါဘူး။
ဘယ်သင်တန်းတက်တက် ၊ ဘယ်သူပဲ သင်သင် ၊ ဘယ်​လောက် အချိန်​တွေပဲ ​ပေး​ပေး " မိမိ့စိတ်ကို မနိုင်ဘူး " ဆို ဘာသာစကားကို ​လေ့လာရတာ အချိန်ကြာပါလိမ့်မယ်။

အချိန်ကြာလာရင် " ပျင်းရိလာတာ ၊ မုန်းလာတာ ၊ မဖြစ်နိုင်တာ ၊ အသက်ကြီး​တာ " ဆိုတဲ့ ဆင်​ခြေ​တွေ ရှိလာပါလိမ့်မယ်။

​နေ့တိုင်း နည်းနည်းချင်းစီ အဆက်မပြတ် မိမိလုပ်နိုင်တဲ့ ပမာဏ​လေးကို သီးသန့်ထားရှိရပါမယ်။

Japanese people call " The Kaizen way "

ဘာ​တွေပဲ ဖြစ်ဖြစ် အပျက်မခံပါနဲ့ ။ ​ရောဂါရှိလို့ ​ဆေး ဆက်တက် ​သောက်​​နေသလို ​ရောဂါ ​ပျောက်တဲ့ အထိ ​သောက်ရပါမယ်။

လုပ်နိုင်တဲ့ ပမဏကိုပဲ လုပ်ပါ။ ​နောက်ဆုံး "Fluency" ဆိုတာရပါလိမ့်မယ်။ တစ်​နေ့ချင်းစီ နည်းနည်း​တောင် မလုပ်နိုင်ရင်​တော့ စကား​ပြောတတ်ဖို့ ခရီးကြီးက အ​ဝေးကြီး ဖြစ်လာပါလိမ့်မယ်။

ဆရာ​ရွှေကမ္ဘာ​အောင်
တချိန်က အနှိမ်ခံ ခဲ့ရသူတစ်​ယောက်
၂၀.၉.၂၃

No comments:

Post a Comment

  " သဒ္ဒါကိုလေ့လာနေခြင်းဟာ လုံးဝအလုပ်မဖြစ်ပါဘာသာဗေဒါပညာရှင် (Stephen Krashen and Noam Chomsky) "Linguists" EME မှာ (၆) ...